ပို့ကုန်ရငွေများဝင်ရောက်ရန်တွေ့ဆုံ

 

ဆွေးနွေးရာတွင် ပို့ကုန်ရငွေများပြန်လည်ပေးသွင်းခြင်းဖြင့် ပြည်တွင်းမှာ မဖြစ်မနေလိုအပ်နေသော သွင်းကုန်များ တင်သွင်းနိုင်မှာဖြစ်ခြင်း၊ နိုင်ငံတကာတွင် ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ(Trade Deficit) မဖြစ်စေရန် ထိန်းညှိဆောင်ရွက်လျက်ရှိခြင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ စီးပွားရေးကျင့်ဝတ်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ငန်းများဖြစ်စေရန် ဆောင်ရွက်ကြစေလိုခြင်း၊ ပို့ကုန်ရငွေများက စက်မှုကဏ္ဍ လုပ်ငန်းသုံး ကုန်ကြမ်း၊ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးများမရှိမဖြစ် ပြန်လည်တင်သွင်းရခြင်း၊ လုပ်ငန်းရှင်များ အတွက် အသိပညာပေးအစီအစဉ်များ ပြုလုပ်သွားရန်လိုအပ်ခြင်း၊ ယခုအစည်းအဝေးမှာ ရလဒ်ကိုရှေးရှု၍ ဆောင်ရွက်ဖို့လိုအပ်ခြင်းနှင့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။  

တက်ရောက်လာသည့်ကုမ္ပဏီများမှလည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်နိုင်မည့်နေ့များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

 

 

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Copyright ©2025 All rights reserved by MSCA