မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပြည်တွင်းထွက်သကြားဖြစ်ကြောင်း ထောက်ခံချက် တောင်းခံရာတွင်လိုအပ်ချက်များ
- မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်ဖြစ်ရမည်
- ကုမ္ပဏီ Letterhead ဖြင့် မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ ပြည်တွင်းဖြစ်သကြားဖြစ်ကြောင်း ထောက်ခံချက်ပေးပါရန်လျှောက်လွှာ
- ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
- Company Extract (ဒါရိုက်တာစာရင်း) မိတ္တူ
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့် မိတ္တူ
- ဓါတ်ခွဲခန်းစစ်ဆေးချက်
- အရောင်းအဝယ်စာချုပ်မိတ္တူ
- ဓာတ်ခွဲစစ်ဆေးသည့်သကြားနမူနာ 1 Kg (သို့မဟုတ်) ၅၀ ကျပ်သား (၄) ထုတ်
ပြည်တွင်းထွက်သကြားဖြစ်ကြောင်း ထောက်ခံချက်ပေးခြင်းအတွက် တင်ပို့သောသကြား တန်ချိန်အပေါ်တွင် အသင်းရန်ပုံငွေအဖြစ် ကုမ္ပဏီတစ်ခုချင်းစီအလိုက် ကောက်ခံသော နှုန်းထားများ နှင့်အချက်အလက်များကို အသေးစိတ်သိရှိလိုပါက အသင်းရုံးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင် ပါသည်။