သကြားကုန်သွယ်မှုဆိုင်ရာကမ္ဘာသုံးဝေါဟာရများ


(က) တပြေးညီသတ်မှတ်ထားသော သကြားကုန်စည်အမျိးမျိုး၏ကုန်သွယ်မှုသင်္ကေတ 

HS (Harmonized System) Code of sugar commodities

  1. ကြံပင်မှထုတ်ယူသော သကြားဖြူ  -  1701.11
  2. သကြားမုန်လာပင်မှထွက်သောသကြားဖြူ  -  1701.12
  3. သန့်စင်သကြား   -  1701.99.10 (မြန်မာ့အကောက်ခွန်နှုန်းထားစာအုပ်လက်စွဲ)
  4. သန့်စင်သကြား (သကြားဖြူ)   -  17019 (ISO ၏ အခေါ်အဝေါ်)
  5. သကြားကြမ်း   -  1701.11 (Raw sugar)
  6. တင်လဲရည်   -  1703 (အရှည်ကောက်- 170310 – ကြံမှရသော တင်လဲရည်)
  7. ကြံသကာ   -  1701.13.10 

 

(ခ) သကြားဓာတ်ပါဝင်မှုရာနှုန်း

၎င်းကို Pol% (or) Pol° ဟု ခေါ်လေ့ရှိသည်။ သကြားဓာတ်ပါဝင်မှုကို Polarimeter ဖြင့် တိုင်းတာဖတ်ရှု၍ ခေါ်ဆိုခြင်းဖြစ်သည်။ Pol 98° သည် ဆူးခရို့စ် (Sucrose) ၉၈ ရာခိုင်နှုန်း ဖြစ်သည်။

 

(ဂ) သကြားကုန်စည်ဈေးကွက်၌ ခေါ်ဝေါ်သုံးစွဲမှုများ

အဓိက သန့်စင်သကြား (Refined sugar) နှင့် သကြားကြမ်း (Raw sugar) ကို အရောင်းအဝယ် ပြုလုပ်သည်။ သန့်စင်သကြားထုတ်လုပ်သောစက်ရုံတွင် ကနဦး သကြားကြမ်းကိုအရင်ထုတ်၍ ၎င်းကို ပြန်လည်သန့်စင်ပြီး သန့်စင်သကြားကို ထုတ်သည်။ သကြားအမြောက်အမြားတင်သွင်းယူသောနိုင်ငံများ က သန့်စင်စက်ရုံ (Refinery) ကိုတည်ထောင်ထားလေ့ရှိသဖြင့် သကြားကြမ်းကို ဝယ်ယူပြီးမှ ၎င်းတို့၏ သန့်စင်စက်ရုံတွင် လိုအပ်သလို သန့်စင်သကြားဖြူကို ထုတ်လုပ်သည်။

  1. သန့်စင်သကြားသည် သကြားဓာတ်ပါဝင်မှုစံနှုန်း ၉၉.၈% ရှိသည့်အဖြူစံနှုန်း။ ICUMSA 45 ရှိသည်။ မြန်မာသကြားစက်အများစုသည် သန့်စင်သကြားကိုမထုတ်လုပ်နိုင်ဘဲ ရိုးရိုးသကြားဖြူ (Plantation white sugar) ကိုသာထုတ်လုပ်သည်။ ၎င်း၏အဖြူစံနှုန်းမှာ ICUMSA 150 နှင့်အထက်ဖြစ်သည်။ သကြား ဓာတ်ပါဝင်မှုရာနှုန်းမှာ သန့်စင်သကြားနှင့် မကွာခြားပါ။
  2. သကြားကြမ်းတွင် သကြားဓာတ်ပါဝင်မှုမြင့်မားသော Very High POL Sugar VHP သည် သကြားဓာတ်ပါဝင်မှု ၉၉.၃° ခန့်ရှိ၍ အဖြူစံနှုန်း ၈၀၀ ဖြစ်သည်။ ပုံမှန်သကြားကြမ်းတွင် သကြားဓာတ်ပါဝင်မှု ၉၉.၃ ဖြစ် ၍ ICUMSA အရောင်စံနှုန်းမှာ ၈၀၀ မှ ၄၃၀၀ ယူနစ်အတွင်း ရှိသည်။ 

 

(ဃ) ကမ္ဘာ့ဈေးကွက်၌ သကြားရောင်းချမှုပုံစံ ၂ မျိုး 

  1. ပေါက်ဈေးအရ လက်ငင်းငွေချေ၍ ကုန်စည်လက်ခံသောစနစ် (Physical trade of sugar)
  2. အနာဂတ်ဈေးနှုန်းကို ဝယ်သူ၊ ရောင်းသူ ခန့်မှန်းသဘောတူစာချုပ်ပြီး ကြိုတင်အရောင်းအဝယ်ဖြစ်သောဈေးနှုန်း Future contract အရ ကုန်သွယ်မှုပြုခြင်း၊ ၎င်းစနစ်၌ အောက်ပါ သကြား () မျိုးကို ဈေးနှုန်းဖြတ်ကြပါသည်။
  • လန်ဒန် Sugar No.5 _ သကြားဖြူ၊ အပွင့်သေး၊ သကြားဓာတ်ပါဝင်မှု ၉၉.% လန်ဒန်ကုန်စည်ဒိုင် (LIFE) ကို အခြေပြု၍ အနည်းဆုံး တန် ၅၀ ဝယ်ရန် စာချုပ်ချုပ် ရပါသည်။ သင်္ဘောပေါ်အရောက်ဈေး (FOB) ဖြစ်သည်။ အနာဂတ်၌ဖြစ်ပေါ်မည့်ဈေးနှုန်း ကို US$/tonne ဖြင့် ပြောလေ့ရှိသည်။ ၅၀ ကီလို ပီနန်အိတ်များဖြင့် တင်ပို့ရန်ကာလ သတ် မှတ်ချက်မှာ မတ်၊ မေ၊ ဩဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ တစ်ခုခု ဖြစ်နိုင်သည်။
  • နယူးရော့ Sugar No.11 _ သကြားကြမ်း (Raw) အတွက် ကြိုတင်ရောင်းဝယ်စနစ် ဖြစ် သည်။ သကြားဓာတ်ပါဝင်မှုအနည်းဆုံး ၉၆ ရှိရမည်။ နယူးရော့မြို့၏ကုန်စည်ဒိုင် (ICE) ကို အခြေခံသည်။ တန် ၅၀ အနည်းဆုံးပေးသွင်းရသည်။ ကာလသတ်မှတ်ချက်မှာ ဇန်နဝါရီ၊ မတ်၊ မေ၊ ဇူလိုင် နှင့် အောက်တိုဘာ တစ်ခုခု ဖြစ်နိုင်သည်။ ဈေးနှုန်းကြေညာချက်မှာ US cents /lb ဖြစ်၍ သင်္ဘောပေါ်အရောက်ဈေးနှုန်း (FOB) ဖြစ်သည်။ ကမ္ဘာ့သကြားဈေးနှုန်း ဟု ညွှန်းဆိုကြသောတန်ဖိုးမှာ ဤစာချုပ်ဈေးနှုန်း ပင် ဖြစ်သည်။
  • White sugar premium သကြားညိုမှသကြားဖြူသို့ပြန်လည်သန့်စင်ရန် ပရီမီယံဈေးနှုန်း၊ သကြားကြမ်းခေါ်သကြားညိုမှ သန့်စင်သကြားအဖြစ်ထုတ်လုပ်၍ ကုန်ကျစရိတ်နှင့်ဆက် နွယ်စဉ်းစားသော Sugar No.5 နှင့် Sugar No.11 ဈေးနှုန်းနှစ်ခု၏ခြားနားချက်တန်ဖိုး ဖြစ်သည်။
Copyright ©2025 All rights reserved by MSCA