မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း


သကြားဖြန့်ဖြူးမှုတွင် ဈေးနှုန်းတည်ငြိမ်ရေး၊ ထုတ်လုပ်မှုခိုင်မာရေး၊ ယှဥ်ပြိုင်နိုင်မှု အရည်အသွေးရှိရေးတို့တွင် ဟန်ချက်ညီညီအချိုးမျှတစေရန် ဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု လိုအပ်ခဲ့ရာ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းကုန်သယ်များနှင့် ထုတ်လုပ်သူများအသင်းကို (၂၈-၁-၂၀၀၂) တွင် မန္တလေးမြို့တော်ခန်းမ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှဦးစီး၍ ရည်ရွယ်ချက် (၁၁) ချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစဥ် (၅) ရပ် ချမှတ်ကာ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။ အသင်း၏ နာယက (၄) ဦး၊ ဗဟိုအလုပ် အမှုဆောင် (၁၇) ဦးနှင့် အမှုဆောင် (၁၀) ဦးတို့ကိုလည်း မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပ‌ဒေ (၂၆) အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၈-၆-၂၀၀၅) နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၀၅)၊ (၂၃/၂၀၀၅)၊ (၂၄/၂၀၀၅) တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် အသင်းမှတ်ပုံတင်ခွင့်လိုင်စင်အမှတ် 109/2015-2016 (အသင်း) ဖြင့် မှတ်ပုံတင်ခဲ့ပါသည်။

ရည်ရွယ်ချက်များ

  • မြန်မာနိုင်ငံ၏ ကြံသီးနှံတိုးတက်ထွက်ရှိရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန်
  • မြန်မာနိုင်ငံတွင် တည်ရှိသော သကြားစက်ရုံကြီးများနှင့် သကြားစက်ရုံငယ် (ခါစက်၊ ပေါင်းစက်) များအတွက် လိုအပ်သော ကုန်ကြမ်း ကြံ အပြည့်အဝရရှိရေးဆောင်ရွက်ရန်
  • ကြံမှသကြားထုတ်လုပ်ရာတွင် ခေတ်မီထုတ်လုပ်မှုနည်းစဥ်နှင့် နည်းစနစ်များကို နည်းလမ်းတကျ ဆောင်ရွက်ခြင်းဖြင့် သကြားပျက်ဆီးမှုနှင့် လေလွင့်မှုလျော့ပါး၍ သကြားတိုးတက်ထွက်ရှိပြီး နိုင်ငံတော်အတွက် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDB) တန်ဖိုး တိုးတက်ရရှိရေး ဆောင်ရွက်ရန်
  • နှစ်စဥ်သကြားတိုးတက်ထုတ်လုပ်ရေးကို ရှေးရှုဆောင်ရွက်ရန်၊ တိုးတက်ထွက်ရှိလာသည့် သကြားများအား
    • (၁) ပြည်တွင်းသကြားစားသုံးမှုဖူလုံရေး
    • (၂) ပြည်တွင်းသကြားအခြေခံ စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းသကြား ဖြည့်ဆည်း ထောက်ပံ့ရေး
    • (၃) မြန်မာ့သကြားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ကြံသီးနှံစိုက်ပျိုး‌ရေးတို့ကို အသင်းမှ ကူညီဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ရန်
  • ကြံနှင့် ကြံထွက်ပစ္စည်းထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းများ ခေတ်မီကုန်သွယ်မှု နည်းစနစ်များနှင့် အညီ ပြေပြစ်ချောမွေ့စွာဆောင်ရွက်ရန်
  • ကြံနှင့် ကြံထွက်ပစ္စည်းဈေးနှုန်းများ မျှတတည်ငြိမ်အောင် ဆောင်ရွက်ရန်
  • ကြံနှင့် ကြံထွက်ပစ္စည်းများ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချ၊ စားသုံးခြင်းနှင့်စပ်လျဥ်း၍ ဖွံ့ဖြိုးရေးသုတေသနလုပ်ငန်း၊ သတင်းအချက်အလက်စုဆောင်း၊ စီစစ်၊ ဖြန့်ချီခြင်းလုပ်ငန်း၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများနှင့် ဆီလျော်သော အခြားဝန်ဆောင်မှုလုပ်ငန်းတို့ကို ဆောင်ရွက်ရန်
  • အသင်းဝင်အချင်းချင်း မိတ်ဆွေကောင်းကဲ့သို့ ရင်းနှီးခိုင်မြဲစွာ ပေါင်းသင်းဆက်ဆံ၍ မှန်ကန်သော အကျိုးစီးပွားဖြစ်ထွန်းစေမည့်လုပ်ဆောင်မှုများတွင် ညီညွတ်စွာပူးပေါင်း၍ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ရန်
  • အသင်းသားများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အကျိုးခံစားခွင့်များနှင့် အခက်အခဲ ပြဿနာရပ်များကို သက်ဆိုင်ရာအစိုးရဌာနများ၊ လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများနှင့် အကြောင်းအားလျော်စွာ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန်
  • အသင်းပိုင်အဆောက်အဦး၊ မြေယာနှင့် ပစ္စည်းများဝယ်ရန်
  • သက်ဆိုင်ရာအချင်းချင်းညှိနှိုင်းဖြေရှင်းရာ မပြီးပြတ်၍ ပြေလည်မှုမရသော ကူးသန်းရောင်းဝယ်မှု ဆိုင်ရာ အငြင်းပွားမှုများအတွက် အသင်းမှခန့်အပ်သည့် ခုံသမာဓိအဖွဲ့၏ စီရင်ဆုံးဖြတ်ချက်များကို လေးစားနာယူလိုသူတို့အတွက် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရန်
Copyright ©2025 All rights reserved by MSCA