အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆

 

ငွေရည်ပုလဲကုမ္ပဏီအုပ်စု၏ ဆောင်ရွက်ချက်များ 

            ငွေရည်ပုလဲကုမ္ပဏီအုပ်စု၊ ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်နှင့် သံတောင်ဦးကုမ္ပဏီလီမိတက်တို့သည် မြန်မာနိုင်ငံ သကြားထုတ်လုပ် ရောင်းချသူများတွင် သကြားထုတ်လုပ်မှုအမြင့်ဆုံး၊ ပြည်ပတင်ပို့ရောင်းချမှု အမြင့်ဆုံးရှိသည့်အတွက် ထူးချွန်စွမ်းဆောင်ရည်အကောင်းဆုံးဂုဏ်ပြုဆုကို ရရှိခဲ့၍ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဂုဏ်ပြုတင်ပြအပ်ပါသည်။ ၎င်းကုမ္ပဏီအုပ်စု၏ ဖွဲ့စည်းမှု၊ ထုတ်လုပ်မှု၊ ဆောင်ရွက်မှုများကို အောက်တွင် အကျဥ်းချုပ်ဖော်ပြထားပါသည်။

ငွေရည်ပုလဲကုမ္ပဏီအုပ်စုသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုမိန့်များဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး လုပ်ငန်းများဆောင်ရွက်လျှက် ရှိပါသည်။

ငွေရည်ပုလဲကုမ္ပဏီအုပ်စုအနေဖြင့် ဆက်စပ်အကျိုးသက်ဆိုင်သူအားလုံး လက်ရှိသာမက အနာဂါတ်ကာလအထိ အကျိုးစီးပွားဖြစ်ထွန်းစေရမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

Managing Director U Thein Myint, Director အဖွဲ့ဝင် ၁၂ ဦးဖြင့် လုပ်ငန်း လည်ပတ်လျှက်ရှိပါသည်။

2014 ခုနှစ်တွင် ငွေရည်ပုလဲကုမ္ပဏီအုပ်စုအဖြစ် ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီလီမိတက်၊ ငွေရည်ပုလဲသကြား ကုမ္ပဏီလီမိတက်၊  ငွေရည်ပုလဲသတ္ထုတူးဖော်ရေးကုမ္ပဏီလီမိတက်၊ သံတောင်ဦးကုမ္ပဏီလီမိတက်၊  မန္တလေးဖြန့်ချိရေးနှင့် သတ္ထုတူးဖော်ရေးကုမ္ပဏီလီမိတက်၊ ပြည့်လျှံဖြိုးသတ္ထုတူးဖော်ရေးကုမ္ပဏီလီမိတက်တို့ဖြင့် ဖွဲ့စည်းထားပါသည်။

သကြားစက်ရုံများအဖြစ် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ၂၀၀၈ ခုနှစ်၌ တစ်နေ့လျှင် ကြံတန်ချိန် ၁,၀၀၀ ကြိတ်ဝါးနိုင်သော အမှတ် (၁) ဆင်းရွှေလီသကြားစက် (ဆမ္မဆယ်), ၂၀၁၅ ခုနှစ်၌ ကြံတန်ချိန် ၄,၀၀၀ ကြိတ်ဝါးနိုင်သော အမှတ် (၂) ဆင်းရွှေလီသကြားစက် (အင်းဝိုင်း),   ၂၀၂၅ ခုနှစ်၌ ကြံတန်ချိန် ၁၂,၀၀၀ ကြိတ်ဝါးနိုင်သော အမှတ် (၃) ဆင်းရွှေလီသကြားစက် (အင်းဝိုင်း) (မြန်မာနိုင်ငံတွင် အကြီးဆုံးသကြားစက်) စသည်ဖြင့် သကြားဖြူထုတ်လုပ်သော ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်ဟူ၍ သကြားစက် (၃) စက်ဖြင့် သကြားဖြူများ ထုတ်လုပ်လျှက်ရှိပါသည်။

ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်သည် နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ဧရိယာ ဧက ၉၅,၀၀၀ ကျော်၊ ကြံစိုက်တောင်သူ ၅,၀၀၀ ကျော်ဖြင့် တစ်နှစ်ကြံတန်ချိန် ၁,၅၀၀,၀၀၀ ကျော်အထိ ထုတ်လုပ်လာနိုင်ခဲ့ပါသည်။

သကြားစက်ရုံများ ထုတ်လုပ်မှုနည်းစဥ်တလျှောက်တွင် နည်းစဥ်များအဆင့်အလိုက် Hight Efficiency Dust Collector များ အလုံအလောက်တပ်ဆင်ထားပြီး သကြားစက်ရုံမှ ထွက်ရှိသော အမှုန်အမွှားများကို ၉၉.၅ % စုတ်ယူစေလျှက် သန့်စင်သောအခိုးအငွေ့များကိုသာ လေထုအတွင်းသို့ ထုတ်လွှတ်ခြင်း၊ စွန့်ပစ်ရေများကိုလည်း အနည်ထိုင်ကန်များတွင် အဆင့်ဆင့်စစ်၍ Recycle System ကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိသလောက်နည်းပါးရေးအတွက် စီမံဆောင်ရွက်လျှက်ရှိပါသည်။

စက်ရုံမှ ထွက်ရှိသည့် ကြံမြှုပ်ချေးများကို လိုအပ်သည်များရောစပ်ပြီး သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်ပြီး ကြံစိုက်ခင်းများတွင်အသုံးပြုခြင်းဖြင့် စွန့်ပစ်ပစ္စည်းအနည်းဆုံးဖြစ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးကို စီမံဆောင်ရွက်လျှက်ရှိပါသည်။

သံတောင်ဦးကုမ္ပဏီလီမိတက်အနေဖြင့်လည်း ရှမ်းပြည်နယ် တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၌ ကြံတန်ချိန် ၅,၀၀၀ ကြိတ်ဝါးနိုင်သော အမှတ် (၁) သံတောင်ဦးသကြားစက်၊ ၂၀၂၃ ခုနှစ်၌ ကြံတန်ချိန် ၁၂,၀၀၀ ကြိတ်ဝါးနိုင်သော အမှတ် (၂) သံတောင်ဦးသကြားစက် (အမှတ် (၃) ဆင်းရွှေလီသကြားစက်နှင့်အတူ အကြီးဆုံး သကြားစက်) စသည်ဖြင့် သကြားစက် (၂) စက်ဖြင့် သကြားဖြူများ ထုတ်လုပ်လျှက်ရှိပါသည်။

သံတောင်ဦးကုမ္ပဏီလီမိတက်သည် မိုင်းရယ်မြို့နယ်အတွင်း ကြံစိုက်ဧရိယာ ဧက ၉၀,၀၀၀ ကျော်၊ ကြံစိုက်တောင်သူ ၇,၀၀၀ ကျော်ဖြင့် တစ်နှစ်ကြံတန်ချိန် ၁,၄၀၀,၀၀၀ ကျော်အထိ ထုတ်လုပ်လာနိုင်ခဲ့ပါသည်။

ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်နှင့် သံတောင်ဦးကုမ္ပဏီလီမိတက်တို့သည် သကြားထုတ်လုပ်မှု လုပ်ငန်းများအတွက် ပြည်တွင်းရှိ ကျန်းမာရေးဝန်ကြီးဌာန၏ Food and Drug Administration (FDA) အသိအမှတ်ပြုလက်မှတ်နှင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ကြောင်း အသိအမှတ်ပြုလက်မှတ် ISO (International Organization for Standardization) ကို ရရှိထားပြီး ဖြစ်ပါသည်။

ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်နှင့် သံတောင်ဦးကုမ္ပဏီလီမိတက်တို့သည်  သကြားဖြူ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းသကြားလိုအပ်ချက်နှင့် ပြည်ပပို့ကုန်အတွက် ဦးတည်ထုတ်လုပ်လျှက် ရှိပါသည်။

2014 ခုနှစ်တွင် ငွေရည်ပုလဲကုမ္ပဏီအုပ်စု လက်အောက်ခံကုမ္ပဏီများအဖြစ် သကြားစက်ရုံ (၅) ရုံအပြင် ၂၀၁၅ ခုနှစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် တစ်နေ့လျှင် တန် 5,000 ကျ အမှတ် (၁) Crown ဘိလပ်မြေစက်ရုံ, ၂၀၂၃ ခုနှစ်တွင် အမှတ် (၂) Crown ဘိလပ်မြေစက်ရုံဖြင့် ဘိလပ်မြေ ၄၂.၅, ၅၂.၅ အမျိုးအစား (၂) မျိုးနှင့် အသင့်ဖျော် ကွန်ကရစ်လုပ်ငန်းဝန်ဆောင်မှု ဟူ၍ ဘိလပ်မြေထုတ်လုပ်သော ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီ လီမိတက်၊ ၂၀၀၄ ခုနှစ်တွင် ဘိလပ်မြေစက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းများရရှိရေးအတွက် ငွေရည်ပုလဲသတ္ထုတူးဖော်ရေး ကုမ္ပဏီလီမိတက်၊  ၂၀၀၉ ခုနှစ်တွင် မန္တလေးဖြန့်ချိရေးနှင့် သတ္ထုတူးဖော်ရေး ကုမ္ပဏီလီမိတက်နှင့် ၂၀၂၂ ခုနှစ်တွင် ပြည့်လျှံဖြိုးသတ္ထု တူးဖော်ရေးကုမ္ပဏီလီမိတက် တို့ဖြင့် ဖွဲ့စည်းထားပါသည်။

သကြားစက်ရုံများမှ စွန့်ပစ်ပစ္စည်းဖြစ်သော ကြံကြိတ်ဖတ်အား လောင်စာအဖြစ်အသုံးပြု၍ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဘိလပ်မြေစက်ရုံနှင့် သုံးစွဲပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို ပတ်ဝန်းကျင် ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိပြီး နိုင်ငံတော်ဓာတ်အားပေးစနစ်နှင့် ချိတ်ဆက်၍ ဆောင်ရွက်ရန်လည်း စီစဥ်လျှက်ရှိပါသည်။

သကြားစက်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် အဆင့်အသီးသီးတွင် စွမ်းဆောင်ရည်မြင့် အမှုန်စုပ်စက်များကို တပ်ဆင်ထားပါသည်။ ဤစနစ်များသည် အမှုန့်အမွှားများကို ၉၉.၅% အထိ ဖမ်းယူထိန်းသိမ်းပေးသဖြင့် သန့်စင်သော အငွေ့များကိုသာ လေထုအတွင်းသို့ ထုတ်လွှတ်ပေးပါသည်။ ထို့ပြင် စွန့်ပစ်ရေများကိုလည်း ကန်များတွင် အဆင့်ဆင့်စစ်ယူပြီး ပြန်လည်အသုံးပြုသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ထားပါသည်။

စက်ရုံမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို လိုအပ်သော ပစ္စည်းများနှင့် ရောစပ်ပေါင်းစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်ကာ ကြံစိုက်ခင်းများတွင် ပြန်လည်သုံးစွဲခြင်းဖြင့် စွန့်ပစ်ပစ္စည်းပမာဏကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို သက်သာစေရန် စီမံဆောင်ရွက်လျက် ရှိပါသည်။

ဘိလပ်မြေစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံများ၏ အဆင့်အသီးသီးတွင်လည်း စွမ်းဆောင်ရည်မြင့် အမှုန်စုပ်စက်များကို လုံလောက်စွာ တပ်ဆင်ထားပါသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) အစီရင်ခံစာများကို ပြင်ဆင်ရေးဆွဲထားပြီး လေထုနှင့် မြေဆီလွှာအရည်အသွေးများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးကာ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါသည်။

စက်ရုံများပတ်ဝန်းကျင်တွင် ကျွန်းစိုက်ခင်းများ၊ အရိပ်ရအပင်များနှင့် ရေရှည်လေကာပင်များကို စိုက်ပျိုးထားရှိပြီး သဘာဝပတ်ဝန်းကျင် လိုက်နာလိုက်ရောမှု သင်္ကေတလက်မှတ် (ECC) ကိုလည်း ရရှိပြီး ဖြစ်ပါသည်။

အမျိုးသားအဆင့် စွမ်းဆောင်ရည်ဆုများနှင့် ဂုဏ်ပြုဆုတံဆိပ်များအပြင် စံပြအခွန်ထမ်းဆောင်မှုအတွက် ဂုဏ်ပြုဆုများကိုလည်း ကုမ္ပဏီမှ ရရှိခဲ့ပါသည်။

ငွေရည်ပုလဲ ကုမ္ပဏီများအုပ်စု အနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့အထိ သာသနာရေးဆိုင်ရာ လှူဒါန်းမှုများ၊ ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးမြှင့်တင်မှု၊ သဘာဝဘေးဒဏ်ခံရသော ဒေသများနှင့် လူမှုစီးပွား လိုအပ်ချက်ရှိသော နယ်မြေများအတွက် ကျပ်ဘီလီယံ ၃၀ ကျော် ကူညီပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါသည်။

လွန်ခဲ့သော (၅) နှစ်ကျော်မှ ယနေ့အထိ မြန်မာ့ပဋိပက္ခ စီးပွားရေးကာလအတွင်း အချို့သော သကြားကုမ္ပဏီများသည် သကြားထုတ်လုပ်မှု လျော့နည်းခဲ့ပြီး အချို့စက်ရုံများသည် အခက်အခဲအမျိုးမျိုးကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသော်လည်း ငွေရည်ပုလဲကုမ္ပဏီများအုပ်စုအနေဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ သကြားထုတ်လုပ်မှုကို အစွမ်းကုန် ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ဒေသတွင်းရှိ ကြံစိုက်တောင်သူများ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံး၏ မျှတသော အကျိုးအမြတ်ဝေစုကို ထိန်းသိမ်းရင်း ရေရှည်တည်တံ့သော သကြားထုတ်လုပ်မှုတွင် ရေမြေဒေသနှင့် လိုက်လျောညီထွေ စီမံခန့်ခွဲနိုင်သည့် စွမ်းရည်များကို ကုမ္ပဏီများအုပ်စုက ပိုင်ဆိုင်ထားကြောင်း တင်ပြအပ်ပါသည်။

 

ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်နှင့် သံတောင်ဦးကုမ္ပဏီလီမိတက်တို့၏ ကြံရာသီ သကြားထုတ်လုပ်မှု

စဥ်

သကြားစက်ရုံ အမည်

သကြားအထွက် (တန်)

2021- 2022

2022- 2023

2023- 2024

2024- 2025

2025- 2026

1

ဆမ္မယ်

(နောင်ချို-၁)

26,211

34,621

22,098

-

-

2

အင်းဝိုင်း

(နောင်ချို-၂)

100,402

132,896

132,076

83,469

57,685

3

အင်းဝိုင်း

(နောင်ချို-၃)

-

-

17,531

59,960

52,750

4

မိုင်းရယ်

(အမှတ်-၁)

59,320

70,309

103,435

102,364

46,326

5

မိုင်းရယ်

(အမှတ်-၂)

-

-

-

-

42,882

 

စုစုပေါင်း

185,933

237,826

275,140

245,793

199,644

 

ပြည်ထောင်စုချုပ်

390,941

466,170

524,408

498,131

455,293

 

ပြည်ထောင်စုချုပ်ပေါ်မှ ထုတ်လုပ်မှု ရာခိုင်နှုန်း

47.6

51.0

52.5

49.3

43.8

ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်နှင့် သံတောင်ဦးကုမ္ပဏီလီမိတက်တို့၏ နှစ်အလိုက် ပြည်ပသို့သကြားတင်ပို့မှုနှင့် တင်ပို့မှုရာခိုင်နှုန်း

စဥ်

ကုမ္ပဏီအမည်

2021- 2022

2022- 2023

2023- 2024

2024- 2025

2025- 2026

1

ငွေရည်ပုလဲသကြား

ကုမ္ပဏီလီမိတက်

60,000

60,000

70,000

50,000

80,000

2

သံတောင်ဦး

ကုမ္ပဏီလီမိတက်

20,000

50,000

50,000

80,000

50,000

 

ပြည်ထောင်စုချုပ်

သကြားတင်ပို့မှု

80,500

139,375

125,750

130,500

130,000

 

5 နှစ်အတွင်း ပြည်ပသို့ တင်လဲရည် တင်ပို့မှု စုစုပေါင်း တန်ချိန် 122,700

 
 

ပြည်ပသို့ သကြားတင်ပို့မှု စုစုပေါင်းပေါ်မှ ရာခိုင်နှုန်း

99.38

78.92

95.43

99.62

100.00

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ကျင်းပသည့် အရှေ့တောင်အာရှသကြားညီလာခံ ၂၀၂၆
Copyright ©2026 All rights reserved by MSCA